သက်တန့်ရွာကလေးမှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါ၏ ။
ငရဲသားတွေ အပြစ်ခံရလား ... လို့ မေးရင် ခံရတယ် ...
Thu 16 Feb 2012 09:13:56 | 5 comments
ငရဲသားတွေ အပြစ်ခံရလား ... ဆိုတဲ့မေးခွန်းကို ၀င်ရောက်မွှေနှောက်ဖြေကြတဲ့
ပေါက်ကရလေးတွေကို တွေ့ရတော့ အတော်လေး စိတ်မကောင်းဖြစ်မိပါတယ် ...
ဘာကြောင့်စိတ်မကောင်းဖြစ်မိလဲ ဆိုတော့ နံပါတ် (၁) မေးသူကရော လွယ်လွယ်နဲ့ ပေါ့ပေါ့ပဲ မေးထားပြီးတော့ ၀င်ရောက်ဖြေဆိုထားကြတဲ့ သူတွေအများစုကလည်း လွယ်လွယ်ပေါ့ပေါ့ပဲ ဖြေထားကြတာ တွေ့ရပါတယ် ...
နံပါတ် (၂) အချက်က ဘာသာရေးဗဟုသုတပိုင်း လေ့လာလိုက်စားမှု အားနည်းနေတဲ့ လူငယ်ပိုင်းတွေနဲ့ပါတ်သက်လို့ပါ ...
သူတို့ မေးထားဖြေထားတာလေးတွေလည်း ကြည့်ကြပါဦး ...
မေးပုံက ...
လူတွေ မကောင်းမှုလုပ်တော့ ငရဲကျတယ် ငရဲရောက်တော့ ငရဲသားတွေက လူတွေကို နှိပ်စက်တယ်ဗျာ အဲ့တော့ ငရဲသားတွေ ကျတော့ ၀တ်ပြန်မခံရဘူးလားဗျာ ပေါက်တက်ကရ အတွေးလေး ထွက်လာလို့ပါ ဖြေပေးကြပါဗျာ ကျွန်တော် စကားကို ပေါက်တက်ကရတွေးတက်လို့ အဖြေကို ပေါက်တက်ကရပြန်တွေးမိရင် ပြန်ရေးပါမယ်ဗျာ ဖြေပေးကြပေါ့ဗျာ ဖြေပေးသူအပေါင်းကို ကျေးဇူးတင်ပါတယ်ဗျာ နောက်လည်း
ပေါက်တက်ကရမေးခွန်းလေးတွေ နဲ့ လူအများမတွေးမိတဲ့ မေးခွန်းလေးတွေကို ဆက်မေးပါအုံးမယ်ဗျာ
ကဲ ဖြေတဲ့အဖြေလေးတွေ ဆက်ကြည့်ရအောင် ...
ကဲ ... ဒီတော့ အဖြေကို လွယ်လွယ်နဲ့ ရိုးရိုးရှင်းရှင်းပဲ ဖြေလိုက်ပါမယ် ...
ဘယ်လောကမှာမဆို ... လူဖြစ်စေ ... နတ်ဖြစ်စေ ... တိရစ္ဆာန်ဖြစ်စေ ... မကောင်းတာလုပ်ရင် မကောင်းတာပြန်အကျိုးပေးခံရမှာပါပဲ ...
ကောင်းတာလုပ်ရင်လည်း ကောင်းတာအကျိုးပေးခံရမှာပါပဲ ...
ငရဲပြည်အကြောင်း တစေ့တစောင်းလောက် လေ့လာကြည့်ရအောင် ... (ဒီနေရာမှာ ကျုပ်က ကျမ်းဂန်တတ် ဆရာတော်ကြီးလည်း မဟုတ်လို့ ကျမ်းကိုးကျမ်းကားတွေနဲ့ အဘိဓမ္မာမလှန်နေတော့ဘူးဗျာ ... လိုရင်းတိုရှင်းပဲ ဖြေသွားမယ် ...)
(၁) ငရဲပြည်မှာရှိတဲ့ ငရဲမင်းဆိုတဲ့အမျိုးဟာ ... ဝေမာနိကပြိတ္တာအနွယ် ... ဘုမ္မစိုးနတ် ... စတုမဟာရာဇ်နတ်အနွယ် ... လို့ မှတ်သားဖူးပါတယ် ...
(၂) ငရဲပြည်မှာရှိတဲ့ ငရဲထိန်းတွေ၊ ငရဲတမန်တော်တွေဆိုတာက စတုမဟာရာဇ်နွယ်ဝင်ပဲ ... သူကတော့ ကုမ္ဘဏ်နတ်ဘီလူး၊ ယက္ခမျိုးများ ဖြစ်ကြပါတယ် ... လူတွေမှာ လူကောင်းနဲ့ လူဆိုးရှိသလို ... နတ်ဘီလူးတွေမှာလည်း နတ်ဘီလူးဆိုးတွေ၊ ယက္ခဆိုးတွေ ရှိပါတယ် ... အဲဒီ့ ဘီလူးဆိုး၊ ယက္ခဆိုးတွေဟာ လူ့ပြည်လူ့ရွာက လူတွေကို နှိပ်စက်ကလူပြုကြတဲ့အခါ နတ်မင်းကြီးများက ဒဏ်ခတ်ပါတယ် ... အဲဒီ့အခါ သူတို့ရဲ့ ၀သီ၊ စရိုက်အရ သူတစ်ပါးကို မနှိပ်စက်မညှင်းဆဲရရင် မနေနိုင်ကြလို့ နှိပ်စက်ညှင်းပန်းရန် နေရာရှာတဲ့အခါ ငရဲဘုံကို သွားတွေ့ပါတယ် ... အဲဒီ့တော့ အဲဒီ့ နတ်ဘီလူးဆိုးတွေက ငရဲဘုံကို သွားပြီး အခမဲ့ဝန်ထမ်း (Volunteer) လုပ်ကြပါတယ် ... ငရဲကို အပြစ်အမျိုးမျိုးနဲ့ ကျရောက်လာတဲ့ ငရဲသားမှန်သမျှကို သူတို့ရဲ့ အကုသိုလ် အကျိုးပေးအလျှောက် နတ်ဘီလူးဆိုးများက လွတ်လပ်စွာ နှိပ်စက်ညှင်းပန်းခွင့်ရကြပါတယ် ... အဲဒီ့တော့ ... ဒီနတ်ဘီလူးဆိုးတွေရဲ့ ကံသက်တမ်း ကုန်လွန်တဲ့အခါမှာတော့ သူတို့သည်လည်း သူတစ်ပါးကို နှိပ်စက်ကလူပြုခဲ့ဖူးတဲ့ အကုသိုလ်စေတနာကံကြောင့် သက်ဆိုင်ရာ ငရဲဘုံမှာ ကျရောက်ရပါတယ် ...
ကဲဒီတော့ ... ငရဲထိန်း၊ ငရဲတမန်တော်တွေဟာ လိုင်စင်ရသားသတ်သမားလိုမဟုတ်သလို ... အပြစ်မခံရဘူးဆိုတာလည်း မဟုတ်ပါဘူး ... ဘယ်သူမဆို ... မိမိရဲ့ ကုသိုလ် ... အကုသိုလ်ကံကြွေးရှိသမျှ ... ခံစာ ... စံစားရမှာဖြစ်ပါတယ် ...
ဘုရား ... ရဟန္တာတွေမှာလည်း ပြုခြင်းအသစ် ကုသိုလ်၊ အကုသိုလ် ကံအကျိုးပေးများ ချုပ်ငြိမ်းသွားပေမယ့်လည်း ပြုခဲ့ဖူးသော အတိတ် ကုသိုလ်၊ အကုသိုလ် ကံကြွေးကံဟောင်းများအလျှောက် နောက်ဆုံးဘ၀မှာ အကြေပေးဆပ်သွားရပါတယ် ... ဘာကြောင့်လဲဆိုတော့ နိဗ္ဗာန်ဆိုတာ ... ကံ မှန်သမျှ၊ ရုပ်မှန်၊ ရုပ်၊ နာမ်ခန္ဓာမှန်သမျှ ... ချုပ်ငြိမ်းသွားတဲ့ နေရာမို့လို့ပါပဲ ...
ကဲ ... ကျုပ်ရဲ့အဖြေကို မကြေလည်သေးရင်တော့ တိပိဋက ဆရာတော်ဘုရားများ၊ ကျမ်းပြုဆရာတော်ဘုရားများထံသာ လျှောက်ကြပေရော့ ...
သုခီအတ္တာနံ ပရိဟရန္တု
ကုမ ၻဏ္နတ္ဘီလူး

Comments
zarmanithwee
3 months ago
Delete
ေ၀ယံ
3 months ago
Delete
ကုမာၻဏ္နတ္ဘီလူး
3 months ago
Delete
myo myat mon
86 days ago
Delete
ရွာဆော်ငမိုး
79 days ago
Delete
or
ActivityRank: 112
ဒီအတိုင်းဆိုရင် ကမ္ဘာကြီးမှာ တရားတာ မရှိနိုင်တော့ဘူးလားဗျာ ? အပစ်လုပ်ပြီး အပစ်မခံရတာကတော့ မဖြစ်သင့်ဘူးထင်ပါတယ်လေ ? ဘုရားတောင်မှ သူ့အပစ်သူခံရသေးတာပဲကို ဆက်လက်ဖြေပေးကြပါအုံးဗျာ ?
ActivityRank: 2
ActivityRank: 1696