“အရှက်မလုံ ခက်ကုန်ပြီ”
ခေတ်ဒီမိုကရေစီကိုအကြောင်းပြ
မြန်မာ့ဟစ်ဟော့ပ်လောက“သူတစ်ချို့”
ကဗျည်းတွင်ခဲ့တဲ့ယဉ်ကျေးမှုကိုကျောခိုင်း
အရိုင်းစိုင်းဟန်ပုံဖော်လို့
အစုံနော်ပြနေတာက
သူယုံကြည်ရာ“ငရဲခန်း”
တဏှာလမ်းကျွန်နစ်စေရန်
ဟန်ပန်တွေတင်ဆက်
မမြင်အပ်တဲ့ဒီအရာ
ညီတွင်စွာအကြောင်းပြ
မပေါင်းကြနဲ့“ဒီလူတွေ”
ဒေါင်းသဏ္ဍန်ကဟန်ဖြင့်
နောက်ပိုင်းကမလုံ
“သူတို့အရှက်ကုန်နေတာမခက်ပေမယ့်”
ပြည်သူတွေမြင်သူရှက်ရပေါ့
ပါးစပ်ကဟုတ်သယောင်
လက်တွေ့မှာတော့ သရုပ်ဆောင်တွေမှားကုန်ပြီလေ
“သူသူငါငါ”တင်စားခဲ့လို့
ထင်းရှားခဲ့ရတဲ့ အနုပညာ
ခုတော့.......
မသတီစရာပုံဟန်နဲ့
“ဒီပုံစံ ဒီလူတွေကို”
အနုပညာဒီရပ်ဝန်းက
“သံပုံးတီးထုတ်လိုက်ကြပါစို့...။။။”
မှတ်ချက် ။ ။သံပုံးတီးထုတ်ခြင်းသည် ရှေးမြန်မာအဆက်ဆက်မှ မကောင်းဆိုးဝါး တို့အား တိုင်းပြည်/ရပ်ရွာတို့မှ
မနေနိုင်ရန်ညာသံပေးကာ သံပုံးတွေတီးလျက်ထုတ်ခြင်းကိုဆိုလိုပါသည်......။။။။
အမြင်မတော်အောင်လုပ်တဲ့ အနုပညာရှင်တို့အား ပြည်ချစ်သူပြည်ချစ်သားပီသစွာ ၀ိုင်းဝန်းတိုက်ထုတ်ကြပါစို့.။
ဒီမိုကရေစီကိုအသုံးချပြီး သင့်၏ မသင့်၏ မစဉ်းစားသူတွေအားဆိုလိုပါသည်...။။။။။။။။။။
မောင်နှမအားလုံးအားထာဝရလေးစားချစ်ခင်လျက်