Loading...
သက်တန့်ရွာကလေးမှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါ၏ ။

မြန်မာ့မီးရထားသို့ ပစ်စာ၊တိုင်စာများနှင့် ပတ်သတ်၍

Wed 15 Feb 2012 22:37:36 | 4 comments

မြန်မာ့မီးရထားသို့ ပစ်စာ၊တိုင်စာများနှင့် ပတ်သတ်၍

by Burma VJ Media Network on Wednesday, 15 February 2012 at 03:06 ·

နိုင်ငံတော်ကြီးက အခုအချိန်မှာ ဒီမိုကရေစီလား၊ဓါးမိုးကရေစီလားတော့ မသိပါဘူးဗျာ

သေချာတာကတော့ မြန်မာ့မီးရထားမှာ တကယ်မဟုတ်ဘူးလေ။ တိုင်တဲ့သူ၊ပြစ်စာပို့တဲ့သူ အဝေးဆုံး၊ ဝေးလံတဲ့နေရာတွေကို ပို့မယ်တဲ့လေ စဉ်းစားကြပါအုံး

 

ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာ(အုပ်ချုပ်ရေးဌာန) စသည်တို့ကို ပြောချင်တာက တိုင်ရတာ၊တောရတာက တိုင်ခံရသူက မဟုတ်တာလုပ်လို့ အတိုင်ခံရတာဖြစ်ချင်ဖြစ်မယ်၊ လီဆယ်ပြီး အတိုင်ခံရတာလဲ ဖြစ်ကောင်းဖြစ်မယ်ပေါ့၊ သေချာကျနစွာစစ်ဆေးပြီး အပြစ်ပေးသင့်တာကို အပြစ်ပေး၊ ဆုပေးသင့်တာကို ဆုပေးပေါ့ ၊နောက်ဝန်ထမ်းအချင်းချင်း ကြီးတဲ့အမှုငယ်စေ၊ ငယ်တဲ့အမှု ပပျောက်စေပေါ့နော့

အခုအချိန်မှာကတော့ ဘာတဲ့ တိုင်တဲ့သူမှတ်ထား ငါ့ဆီအကြောင်းကြား ဝေးလံဒေသကို ပို့မတဲ့

ကဲ မေးချင်ပါတယ်။ ဒီစာထုတ်တဲ့သူရော၊ လက်မှတ်ထိုးသူရော၊ ထပ်ဆင့်ညွှန်ကြားစာထုတ်တဲ့သူတွေရော ခင်ဗျားတို့လိပ်ပြာ ခင်ဗျားတို့လုံသလား၊ လိပ်ပြာခုံရုံး တင်ကြအုံး၊ မြန်မာ့မီးရထားရည်မှန်းချက်(၁၁)မှာပါတဲ့ နောက်ဆုံးအချက်က

ဝန်ထမ်းအခွင့်အရေး မျက်ခြေမပျက်ရေးနှင့် သက်သာချောင်ချိရေး

ကဲပြော ဘယ်မှာလဲ အခွင့်အရေး၊ သက်သာချောင်ချိရေးကတော့ စစ်ဖိနပ်အောက်မှာ ပျောက်နေတာ ကြာလှပေါ့ မပြောချင်တော့ဘူး

မှန်ကန်တာကိုတောင် ပြောခွင့်မရှိတဲ့ အခြေအနေ၊ ဘယ်မှာလဲ ဒီမိုကရေစီ

ကဲပြောကြပါအုံး အောက်ခြေဝန်ထမ်းတွေမှာ လွှတ်တော်က ပြောလို့၊ မီဒီယာက ပြောလို့ နဲ့ နင်းပြားဘဝတွေကနေ အခုတော့လုံးဝကို အခြေအနေဆိုးနေပါပြီ တတ်သိသူများ ပညာရှင်များ ဝေဖန်ပြီး ဆင်ခြင်ကြည့်ကြပါ၊ အခုလူကြီးလုပ်နေသူများစဉ်းစားပြီးမှ စာတွေပေတွေထုတ်ပါ။ ကလေးကစားသလို ၀န်ထမ်းအများကြီးနဲ့ အလုပ်လုပ်နေတဲ့ဌာနဆိုင်ရာ အောက်ခြေ၀န်ထမ်းတွေဘဝတွေကို စာနာကြည့်ကြပါအုံး သမ္မတကြီးသိစေချင်ပါတယ်ဗျာ။

 

နောက် -

၁၉၆၄ခုနှစ် ဝန်ထမ်းဥပဒေကို ဖျက်သိမ်းလိုက်ပါတယ်။ အခုထိ သေချာတိကျတဲ့ ဥပဒေတစ်ခု ပြဌာန်းထားတာ မရှိသေးပါဘူး။ နောက်တစ်ခုက ဥပဒေအရ တရားဝင်ဖို့ အခုအချိန်တာဝန် ထမ်းဆောင်နေသူတွေက ပဋိညာဉ်လုပ်ထားတဲ့ စာချုပ်စာတမ်းလဲ မရှိတော့ ဥပဒေကြောင်းအရ ကုစားမှုတွေကိုလည်း မရနိုင်ပါဘူး ဒီတော့ အုပ်ချုပ်ရေးပိုင်းကို တာဝန်ယူထားကြကုန်တဲ့ တပ်မတော်ကနေ အငြိမ်းစားယူ၊ အရပ်ဖက်ပြောင်းပြီး ဗိုလ်လုပ်ချင်သူတွေကတော့ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး တို့လုပ်သမျှ မင်းတို့ခံဆိုပြီး မင်းမဲ့စရိုက်လို ပြုမူနေကြတာကို မီဒီယာတွေ မသိနိုင်အောင် လျှို့ဝှက်ညွှန်ကြားချက်တွေ၊ နားမျက်စိပိတ် စာတွေကို ထုတ်နေတော့ ဝန်ထမ်းတွေအတွက် ရင်လေးစရာတွေကို ဖြစ်နေတော့တာပါပဲဗျာ။ သေချာတာကတော့ ဒီလိုခေတ်ပြောင်း စနစ်ပြောင်းနေကြတဲ့ အချိန်အခါမှာ တရားလက်လွတ်ပြုမူ ဆောင်ရွက်နေသူတွေကိုများ အရေးယူလို့ရသည့် ဥပဒေဘာလို့ ၀န်ထမ်းငယ် တွေဆီမှာ မရှိရတာလဲ။ နောက်အခုအချိန်မှာ အလုပ်သမားအဖွဲ့(ဝါ)သမဂ္ဂတွေ ဖွဲ့ခွင့်ပေးထားတယ်လို့သာ ပြောပါတယ်။ အခုထိ ဘာမှလည်းမမြင်ရ၊ မသိရ ဥပဒေလဲ ရှင်းရှင်းလင်းလင်း မသိရနဲ့ပါ… မီးရထားသမဂ္ဂဆိုတာ အရင်တစ်ချိန်က တကယ့်ကို ဂုဏ်အရှိန်နဲ့ နေထိုင်ခဲ့တဲ့အဖွဲ့ပါ။ ရှေ့ဆောင်လမ်းပြခဲ့တဲ့အဖွဲ့တစ်ခုပါဗျာ။ အခုတော့ အချိန်ပြောင်း ခေတ်ပြောင်းမှာ မပြောင်းဘဲ ကျန်နေခဲ့တဲ့ ရထားအတွက် စိတ်မအေးလို့ အခုလို တင်ပြအသိပေးလိုက်ရပါတယ်။

 

 

မြန်မာ့မီးရထားသို့ ပစ်စာ၊တိုင်စာများနှင့် ပတ်သတ်သည့် ထုတ်ပြန်စာ



Comments

ဘုတ်ဒေါ....။ အော်...မန်မာပီ..မန်မာပီ....နာတို့ မန်မာပီ..။
အော် သက်သေနှင့် တကွ တင်ပြလာပါပြီ ...
ကဲ ... ဘာဆက်လုပ်ကြဦးမလဲ ... Good Government ကြီးရေ ...
ကဲဘာဆက်လုပ်ပ။
သေချာတာကတော့... ဘာမှ လုပ်မှာ မဟုတ်ဘူး ဆိုတာပဲ...။



or
CAPTCHA Images