သက်တန့်ရွာကလေးမှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါ၏ ။
“ ကြယ်တစ်စင်းရဲ့----အလင်းဝှက်ကောင်းကင် ”
Tue 07 Feb 2012 21:05:33 | 0 comments
“ ကြယ်တစ်စင်းရဲ့----အလင်းဝှက်ကောင်းကင် ”
ကောင်းကင်ဟာ အပြာဖက်ကို နည်းနည်းသမ်းတယ်
၁၂ နာရီတိတိကို ညွှန်ပြနေတဲ့---နာရီလက်တံနဲ့အတူ
အလင်းတွေ-----ဟိုတစု ဒီတစု ပြန့်ကျဲလို့----
၂၁ ရာစုရဲ့ ၂၁ နှစ်မြောက်ကြယ်တစင်းရဲ့ ----
အပြာရောင်ကောင်းကင်မှာ---နက္ခတ်တွေစုံညီပြီ
အဲဒီကြယ်တစ်စင်းဟာ----အမြဲပြုံးရီတယ်
အဲဒီကြယ်တစ်စင်းဟာ ----အဖြူရောင်ဂုဏ်သတ္တိတွေပိုင်ဆိုင်တယ်
အဲဒီကြယ်တစ်စင်းဟာ----မညီမျှခြင်းတွေကို
အချိုးညီညီ---ပေါင်းစပ်တတ်သူလည်းဖြစ်ခဲ့
ဒါ့အပြင်----၁၅၀၀ နဲ့ ၅၂၈ ရေလက်ကြားမှာ
ရေစုန်ရေဆန်ကူးခတ်တတ်သူလည်းဖြစ်တယ်
အလင်းတွေ---လာကြပါစေ---အဖြူရောင်ကြယ်ရဲ့
အလင်းဝှက်သော ကောင်းကင်မှာ---
ဂီတသံတွေ ပျံ့နှံ့နေစေရဲ့---
ရေတွေဝန်းရံနေတဲ့ ကျွန်းတစ်ကျွန်းမှာ
အဖြူရောင် ကြယ်ကလေးတစ်စင်းနေတယ်
တခါတခါ ကဗျာတွေ စာတွေရေးတယ်
တခါတခါ မိုးထိမြင့်မားတဲ့အတွေးအခေါ်တွေနဲ့---
အဲဒီကြယ်တစ်စင်းမှာ ပျော်စရာတွေရှိသလို---စိတ်ညစ်စရာတွေလည်းရှိတယ်
အေးချမ်းတဲ့ ဖေဖော်ဝါ၇ီ ၈ ရက်နေ့မှာ
ကမ္ဘာမြေရဲ့ကောင်းကင်မှာ---အဖြူရောင်ကြယ်ကလေးတစ်စင်းလင်းတယ်
အဖြူရောင် ကြယ်ကလေးရေ----
မင်းကောင်းကင်ယံမှာ---လရောင်တွေအမြဲသင်းပါစေ
၂၁ ကိန်းဂဏန်းမှသည် ရင့်ကျက်သော ကောင်းကင်ယံသို့
တည်ငြိမ်မှု ---တွေးခေါ်မှု---ဂရုဏာတရားတွေနဲ့
စကြ၀ဌာအထိ လွင့်ပျံ့နိုင်စေ ----
အကိုတော်
သက်တန့်ချို
ဖေဖော်ဝါရီ ၈ ရက်နေ့
Happy Birthday !! My sister white star !! May you be well and happy through your life until the world end .

Comments
or